father

last month

silhouette-1082129_1280.jpg
images:https://pixabay.com/images/id-1082129/
ငယ်ငယ်က သုတတွေနဲ့ လုံးချာလိုက်ရင်း ရသတွေဖတ်အားနည်းတော့ အဖေက ဆူတယ်
မင်း ဟစ်တလာလေးဖြစ်လိမ့်မယ်တဲ့ လူသားရောင်းရင်းတွေရဲ့ အနာ အလှတွေကို ဝေမျှတတ်ရာ
ရင်ခွင်တခု လူတိုင်းမှာရှိသတဲ့ ရသဘဝစာပေကောင်းတွေနဲ့သာ တူးဆွဖော်ထုတ်ရမယ်လို့ သိခွင့်ရခဲ့တယ်။
လူငယ်တွေဟာ ဖြူစင်တယ် အပြစ်ကင်းတယ်ဆိုတာ မဟုတ်ဘူးလို့လဲ အဖေက ငြင်းချက်ထုတ်ပြခဲ့တယ်။
အဖေ့ကြောင့် အဓမ္မလူငယ်နဲ့ ဓမ္မလူငယ်ဆိုတာကို တခွဲခြားခြား ပြတ်သားအောင် မြင်နိုင်ခွင့်ရခဲ့တယ်။
ပညာတွေ ဆည်းပူးရမယ်ဆိုတော့ အမောဆို့နေရက်က အဖေစာရေးနေကျ စားပွဲလေးမှာ သားကိုအထိုင်ခိုင်းပြီး စာအုပ်တွေတအုပ်ပြီး တအုပ်ရေးချ ဘာသာအပြန်ခိုင်းတယ်။
ပြန်သမျှ အမှားတွေပြင်လို့ အဖေ့မှာ ဒီလိုတပည့်သားမြေးတွေပုံလို့ အဖေ့ မျှော်လင့်ချက်တွေဟာ
သားဆိုတဲ့ အတ္တကြောင့်မဟုတ်ခဲ့ပါ။
တိုင်းပြည်က ခိုင်းလာတဲ့တနေ့ မလုပ်တတ်မကိုင်တတ်မဖြစ်ရအောင် သားတို့မျိုးဆက်အတွက်
အဖေ့ ပုခုံးကြီးပေါ်မှာ နိုင်ငံ့ဝန်တွေ ရွက်ကြားအိုချိန်ထိ တင်ထားခဲ့ရတဲ့အတွက် သားဝမ်းနည်းပါတယ်။
အဖေ့ရင်ဘတ်ကြီးတခုလုံးကို အာဏာရှင်က မွနေအောင် ဆုတ်ဖြဲထားတဲ့ကြားက သားတို့အပေါ် ဆက်လက်နူးညံ့ရင်း မတရားမှုတွေအတွက် ဆက်လက်ကြံ့ကြံ့ခံ မာကျောခဲ့တဲ့အတွက် အလင်းကို ကြောက်တတ်သူတွေကြားမှာ အသက်ငင်နေတဲ့အချိန်ထိ ကိုယ်တိုင်အလောင်မြှိုက်ခံရင်း ထွန်းညှိပေးခဲ့တဲ့ ထိန်နေတဲ့ တန်ဖိုး စာပေအလုပ်သမားကြီးရဲ့ မေတ္တာတွေအတွက်လည်း ဦးခိုက်ပါတယ်။ ကန်တော့ပါတယ် ရှိခိုးပါတယ် ကျေးဇူး အနန္တပါ အဖေ။
@mgkyawthuaye

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE WEKU!